ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နဂါးကျစ်ဘိုးဘွားရိပ်သာတွင် ပိုးသတ်ဆေးပက်ဖျန်း
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့၊ နဂါးကျစ်ဘိုးဘွားရိပ်သာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေး ပက်ဖျန်းပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲက ညောင်ဦးမြို့နယ် သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ချုပ်မှ ပရဟိတအသင်းသားများက ပိုးသတ်ဆေးများ ပက်ဖျန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။








