ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သထုံခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် စနစ်တကျဆောင်ရွက်ထား
မွန်ပြည်နယ်၊ သထုံခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားပြည်သူများ ယနေ့ နံနက်မှစတင်ကာ ပင်စင်လစာ လာရောက်ထုတ်ယူလျက်ရှိပြီး လူစုလူဝေးများ မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စနစ်တကျ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း(CNPC)မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ နှာခေါင်းစည်းများနှင့် ကူးစက်ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း
တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း(CNPC)က မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနသို့ နှာခေါင်းစည်း ၆၀၀၀ နှင့် ပိုးသတ်ဆေးရည်၊ ဆပ်ပြာရည် စသည့် ကူးစက်ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့သည်။ 
နမ့်ဆန်၌ ပင်စင်လစာထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ပေးလျှက်ရှိ
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့ နံနက် ၁၀ နာရီက ပင်စင်လစာထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
နေပြည်တော်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် တိုင်းစစ်ဌာနချုပ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပိုးသတ်ဆေးဖျန်းဆောင်ရွက်
နေပြည်တော်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေပြည်တော်စည်ပင်ဧည့်ရိပ်သာနှင့် ဘောဂသီရိ အဝေးပြေးယာဉ်ရပ်နားစခန်းတို့၌ ပိုးသတ်ဆေးဖျန်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ် ဌာနချုပ်မှ အရာရှိ၊ စစ်သည်များနှင့် နေပြည်တော် မီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များ စုပေါင်းဆောင်ရွက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နိုင်ငံတော်အရန်ရိက္ခာများ ဝယ်ယူစုဆောင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် 

နေပြည်တော်  ၂၁  ဧပြီ

 

တာမွေမြို့နယ်တွင် လျှပ်စစ်ဓာတ်အားခ လာရောက်ပေးဆောင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး  စနစ်တကျဆောင်ရွက်လျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် လျှပ်စစ်ရုံးတွင် ယနေ့ မီတာခ လာရောက် ပေးဆောင်သူများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်  Mask များ တပ်ဆင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာ စနစ်တကျတန်းစီကာ အလှည့်ကျပေးဆောင်လျက်ရှိကြောင်း သိရသည်။