သင်္ကြန်ရုံးပိတ်ရက်နှင့် Stay Home ကာလပြည့်သွား၍ ရန်ကုန် ပန်းဆိုးတန်း-ဒလ ကူးတို့ဆိပ်ကမ်း၌ ခရီးသည် စီးနင်းမှုများပြားလာ

ရန်ကုန်   ၂၁  ဧပြီ

 

နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် မီးသတ်ဦးစီးရုံးတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဘောဂသီရိ အဝေးပြေးယာဉ်ရပ်နားစခန်း၌ ပိုးသတ်ဆေးဖျန်းနေစဉ်

နေပြည်တော် ၂၁ ဧပြီ
 

နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် မီးသတ်ဦးစီးရုံးတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေပြည်တော်စည်ပင်သာယာကော်မတီ ဧည့်ရိပ်သာ၌ ပိုးသတ်ဆေးဖျန်းနေစဉ်

နေပြည်တော် ၂၁ ဧပြီ

 

ပန်းဘဲတန်းမြို့နယ် မြို့မဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့မဈေးအတွင်း ဈေးသူ ဈေးသားများနှင့် လမ်းသွားလမ်းလာများအား နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးမှ စနစ်တကျ ရောင်းချဝယ်ယူနိုင်စေရန် အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ Call Center ဖွင့်လှစ်ထားရှိ 
Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ Call Center  ကို ဖွင့်လှစ်ထားကြောင်း သိရသည်။
ပခုက္ကူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းတွင် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။