ပင်လည်ဘူးမြို့နယ်တွင် လျှော်ဖြူစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး လျှော်ဖြူအစေးများ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိ
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူး မြို့နယ်တွင် နှစ်ရှည်ပင် လျှော်ဖြူပင်များကို စီးပွားဖြစ် စိုက်ပျိုး ထားရှိကြရာ လျှော်ဖြူပင်များ အောင်မြင်ဖြစ်ထွန်း၍ လျှော်ဖြူအစေးများ စတင်ထုတ်ယူနေကြပြီး လျှော်ဖြူ အစေးများကို ဈေးကွက်သို့ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း လျှော်ဖြူစိုက် တောင်သူ တစ်ဦးထံမှ သိရ






