ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေး (၁/၂၀၂၀)တွင် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှုများ ညှိနှိုင်းဆွေးနွေး

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေး (၁/၂၀၂၀) တွင် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှုများကို အဆိုပါဝန်ကြီးရုံး၌ Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးသည်။  
လေးမျက်နှာမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီစိုက်ပျိုးရန် ပျိုးပင် ၃၆၈၉၀၀ ပျိုးထောင်ထား

ညောင်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ လူနာလျှောက်လမ်း အမိုးမိုးခြင်းလုပ်ငန်းအတွက် အလှူငွေပေးအပ်

Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ရှရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ ဆိုင်ရာ Country Director, Ms. Mariam J. Sherman အား Teleconference ဖြင့် လက်ခံတွေ့ဆုံ

ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် ဟားခါးမြို့ Facility Quarantine ထားရှိသူများအား လိုအပ်သည်များ သွားရောက်ထောက်ပံ့
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် ဟားခါးမြို့၌ Facility Quarantine ထားရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုကာ လိုအပ်သည်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်းများက လယ်ယာဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန်ပွားမှုများ ဖြစ်ပေါ်နေချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ တောင်သူလယ်သမားများအတွက် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်ရှိ လယ်ယာ အထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်းများမှ နွေစပါး၊ မိုးစပါးများ အလှည့်ကျ စိုက်ပျိုးရန်၊ မြေသားပြုပြင်ခြင်း၊ တမန်းနိုးခြင်း၊ အငှားဝန်ဆောင် ထွန်ယက်ပြုပြင်ပေးခြင်း၊ အလေအလွင့် အနည်းဆုံးဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်း၊ ကြိတ်ခွဲခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေး လျက်ရှိသည်။