ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ဟားခါးမြို့အဝင် ဂိတ်များတွင် နေ့စဉ်စစ်ဆေးလျက်ရှိ

ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် ဟားခါးမြို့သို့ ဝင်ရောက်လာသူများအားလုံးကို ဟားခါး-ဂန့်ဂေါလမ်းရှိ လုံခြုံရေး စစ်ဆေးရေးဂိတ်၊ ဟားခါး-ဖလမ်း လမ်းပေါ်ရှိ ဟားခါးထာရ် စစ်ဆေးရေးဂိတ်နှင့် ဟားခါး-ထန်တလန် လမ်းပေါ်ရှိ လုံခြုံရေး စစ်ဆေးရေးဂိတ်(၃) နေရာတွင် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံ၌ ဟင်းသီးဟင်းရွက် မျိုးစေ့၊ ပျိုးပင်နှင့် နည်းပညာများ အိမ်တိုင်ရာရောက် အခမဲ့ပေးအပ်

ဂန့်ဂေါမြို့နယ်ရှိ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့
ဂန့်ဂေါမြို့နယ်တွင် မေ ၆ ရက် မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန် ပျက်စီးခဲ့ သည့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင် ဦးစီးမှူးရုံးမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါဖြစ်ပွားမှု ခြုံငုံသုံးသပ်မှုအခြေအနေ

(၇-၅-၂၀၂၀ ရက်နေ့၊ ညနေ ၆:၀၀ နာရီ)

 

အိမ်မဲမြို့တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများတူးဖော်ပေး
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထက်ပိုင်းရပ်ကွက်တွင် မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများကို ယနေ့ နံနက် ၇ နာရီက တူးဖော်ပေးခဲ့ကြောင်း သိရသည်။
ပြည်ပရောက်မြန်မာနိုင်ငံသားများကို (MAI) လေကြောင်းလိုင်းမှ အခမဲ့ခေါ်ယူသယ်ဆောင်
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ထားသဖြင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံ တွေ့နေရသည့် မြန်မာနိုင်ငံသားများကို ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ Myanmar Airways International (MAI) လေကြောင်းလိုင်းမှ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၃၅ ဦးကို မေ ၆ ရက်က အခမဲ့ပြန်လည် သယ်ဆောင်လာခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ကဏ္ဍအလိုက်ဆောင်ရွက်ပေးခဲ့သည်။ 
စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံ အသီးသီးတွင် အမှန်တကယ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေး လေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။