ဥတ္တရသီရိမြို့နယ်အတွင်းရှိ Quarantine Centre သို့ နေပြည်တော်ကောင်စီဝင် ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး လုပ်ငန်းများအရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်းသည် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးစောသန်းထွန်းတို့နှင့်အတူ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း Quarantine Centre ရှိ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့







