မသန်စွမ်းသူများအား အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စုအတွင်းရှိ ကျေးရွာများမှ မသန်စွမ်းသူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ပြည်သူ့ မဏ္ဍိုင်လူမှုကူညီရေးပရဟိတအသင်းက ယနေ့မွန်းလွဲ ၁ နာရီက ထောက်ပံ့ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးတွင် မြို့နယ်အလိုက် စေတနာ့ဝန်ထမ်းများအား ဆင့်ပွားသင်တန်းဖွင့်ပွဲနှင့်  PPE ဝတ်စုံလှူဒါန်းပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ကိုဗစ်ကာလအတွင်း (Volunteer) စေတနာ့ ဝန်ထမ်းများအနေဖြင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အလိုက် စေတနာ့ဝန်ထမ်းများအား ဆင့်ပွားသင်တန်းဖွင့်ပွဲနှင့် PPE ဝတ်စုံလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါမပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ ပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
မြန်မာနိုင်ငံအတွင်း ကူးစက်မှုဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ အခမဲ့ထုတ်ဝေသည့်“COVID-19ရောဂါ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့”အသိပညာပေး သတင်းစကား လက်ကမ်း စာစောင်များကို  တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်သီသီခိုင်နှင့်ဝန်ထမ်းများက မေ ၁၉ ရက် နံနက် ၇ နာရီမှ စတင်၍ လူစည်ကားရာ ဈေး၊ ကူးတို့ဆိပ်နှင့် လမ်းဆုံနေရာများတွင် ဈေးရောင်း/ဈေးဝယ်များ၊ ခရီးသွားပြည်သူများအား အခမဲ့ လိုက်လံဖြန့်ဝေပေးလျက်ရှိကြောင်း သိရ
ကိုဗစ်-၁၉ကာလအတွင်း အခြေခံလူတန်းစား(၈၀ဝ)အား အသင့်စားသုံးနိုင်သော ထမင်းနှင့်ဟင်းများ ဆက်လက် ပေးဝေလှူဒါန်း
ကျောက်မဲခရိုင်၊ နောင်ချိုမြို့၊ ဘူတာရပ်ကွက်၌ ကိုဗစ်-၁၉ကာလအတွင်း အခြေခံလူတန်း စားမိသားစုဝင် ၈၀ဝ အား အသင့်စားသုံးနိုင်သော ထမင်းနှင့်ဟင်းများ ဆက်လက်ပေးဝေ လှူဒါန်းလျက်ရှိကြောင်း သိရ
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရောဝတီလင်းပိုင်ထိန်းသိမ်းရေး သတိပေးကြော်ငြာ၊ပိုစတာများစိုက်ထူ
ဧရာဝတီတိုင်းဒေသကြီးအတွင်း တရားဝင်ရေထွက်ပစ္စည်းရောင်းဝယ်ခွင့် လိုင်စင်ဆောင်ရွက်ခြင်းမပြုဘဲ၊ ငါးအရောင်းအဝယ်လုပ်ကိုင်နေပြီး၊ မျိုးသုဉ်းရှားပါးသတ္တဝါဖြစ်သော ရေငန်နေဧရာဝတီလင်းပိုင်များ ရောင်းဝယ်ခြင်း၊ လိုင်စင်မရှိဘဲ ပင်လယ်ထွက်ပစ္စည်းများကို စုဆောင်းရောင်းဝယ်ခြင်းများ မဖြစ်ပေါ် စေရေးအတွက် ဧရာဝတီလင်းပိုင်များအား ထိန်းသိမ်းကာကွယ်ရန် ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များတွင်လည်း ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး သတိပေးကြော်ငြာ၊ ပိုစတာများ စိုက်ထူထားကြောင်း သိရ
ရွှေကူမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း မိုးရာသီကူးပြောင်းချိန်ကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါများ မဖြစ်ပွားစေရန်အတွက် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ အသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယမန့်နေ့ နံနက်ပိုင်းမှ စတင်၍ ရွှေကူမြို့ပေါ်ရပ်ကွက်များရှိ အိမ်ထောင်စုများသို့ သွားရောက်ပြီး  အသိပညာ ပေးခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ
မိုင်းယောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးဆောင်ရွက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ပြည်သူလူထုမှ စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရ