ကိုဗစ်-၁၉ ကြောင့် ဂေါ်ဖီထုတ်စျေးကွက်ပျောက်ကာ စိုက်ပျိုးသူများ၏ဆုံးရှုံးမှုကို ကုစားရန် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိ
ကိုဗစ်-၁၉ ကြောင့် ဂေါ်ဖီထုတ်စျေးကွက်ပျောက်ကာ ဂေါ်ဖီထုတ်စိုက်ပျိုးသူများ၏ ဆုံးရှုံးမှုကို ကုစားရန် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူ က ယနေ့တွင် ပြောသည်။






