တရုတ်နိုင်ငံသို့ ရောင်းချခွင့်မရတော့သောကြောင့် ဆိတ်ကုန်သည်များနှင့် တစ်နိုင်ဆိတ်မွေးသူများ အရှုံးပေါ်

မြန်မာနိုင်ငံမှ ဆိတ်များကို မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ရောင်းချခွင့် မရတော့သောကြောင့် ဆိတ်ကုန်သည်များ အရှုံးပေါ်လျက်ရှိပြီး ဒေသတွင်း တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူသူများလည်း အရှုံးပေါ်လျက်ရှိသည်ဟု သိရသည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ  တရုတ်နိုင်ငံဘက်က   မြန်မာနိုင်ငံမှ ဆိတ်များကို  တရားမဝင် ကုန်ပစ္စည်းအဖြစ် သတ်မှတ်လိုက်သောကြောင့်  မူဆယ်ကနေတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ဆိတ်ရောင်းချနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ် (၂၁/၂၀၂၀)

(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်) (မြန်မာစံတော်ချိန်(၁၆:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပညာပေး “သတင်းစကား” လက်ကမ်းစာစောင်များ ဝေငှ
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ မွန်းလွဲပိုင်းက သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းစကား လက်ကမ်းစာစောင်များကို လိုက်လံဝေငှပေးခဲ့သည်။
ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ Portable X-Ray machine နှင့် အလှူငွေများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် လှူဒါန်း
ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းမိသားစုများမှ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်၌ အသုံးပြုရန်အတွက် JLK Inspection ကုမ္ပဏီမှ ထုတ်လုပ်သည့် ဝမ် ၃၄၀ သိန်း (ကျပ် ၃၈၄ သိန်းခန့်) တန်ဖိုးရှိ HandMed Portable X-Ray machine နှင့် ဝမ် ၃၇.၅၀ သိန်း (ကျပ် ၄၂.၂၇ သိန်းခန့်) တို့အား မြန်မာ-ကိုရီးယား သံတမန်ဆက်ဆံရေး (၄၅) နှစ်မြောက် အခါသမယ နေ့ဖြစ်သည့် ယနေ့တွင် ပေးအပ်လှူဒါန်းသည်။
မကွေးတိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှု လျော့နည်းလာသော်လည်း သေဆုံးမှုတိုးမြင့်လာ 

မကွေး ၁၉ မေ   

 

ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၌ တံတားတည်ဆောက်လျက်ရှိ
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက် ရှိ ကျမ်းစာကျောင်းလမ်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တံတားတစ်စင်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ကော့မှူးမြို့နယ်တွင် နှာခေါင်းစီး (Mask) အသုံးမပြုပဲ သွားလာပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး နှာခေါင်းစီး (Mask) အသုံးမပြုပဲ သွားလာပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနှင့် အရေးပေါ်လုပ်ငန်း တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။