Community Based Quarantine ဝင်ရောက်နေသည့် ပြည်သူများကို စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သို့ ပြည်တွင်း ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး Community Based Quarantine တွင် (၂၁) ရက် နေထိုင်လျက်ရှိသည့် ပြည်သူများကို သွီးသဟဇာတ လူငယ်အဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ ညနေ ၃ နာရီတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၌ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် အဆောက်အအုံအချို့ အမိုးလန် ပျက်ဆီး
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ညောင်သုံးပင် ကျေးရွာနှင့် ပိန္နဲပင်ရွာသစ်ကျေးရွာများတွင် မေ ၁၈ ရက်ည ၉နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  လူနေအိမ်နှင့် အဆောက်အအုံအချို့ အမိုးလန်ပျက်စီးခဲ့
ဟားခါးမြို့တွင် ကုန်တင်ကားကြီးများရပ်နားရန် ကားကြီးဝန်းအသစ် ဆောက်လုပ်ပြီးစီး

ဟားခါး ၁၉ မေ

 

တစ်နိုင်တစ်ပိုင် ယပ်တောင်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ပေကုန်းကျေးရွာသည် နန်းလိုင်းချောင်းကိုအခြေခံပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အဓိကထားလုပ်ကိုင်လျက်ရှိပါသည်။ နွေရာသီတွင် မိသားစုအပိုဝင်ငွေရရှိအောင် တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြင့် ယပ်တောင်လုပ်ငန်းကို လုပ်ကိုင်ကြသည်။
ဟိုပန်၌ လေဘေးသင့်အိမ်ထောင်စုများသို့ ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် မေ ၁၄ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များသို့ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့က ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရ
ကံမမြို့နယ်မှ မီးဘေးသင့် အိမ်ထောင်စုများနှင့် လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မေ ၁၈ ရက် နံနက်က မီးလောင်မှု ဖြစ်ပွားခြင်းကြောင့်  မီးဘေးသင့်အိမ်ထောင်စု (၆) စုနှင့်  ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့်  လေဘေးသင့် အိမ်ထောင်စု (၇) စုတို့အား  ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မိတ္ထီလာ ကွန်ပျူတာ တက္ကသိုလ်တွင် အသွားအလာကန့်သတ်ထားရှိမည့် အဆောင်များအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်
မိတ္ထီလာ ကွန်ပျူတာတက္ကသိုလ်သို့ ပြန်လည်ရောက်ရှိလာမည့် ဆရာဆရာမများကို အသွားအလာ ကန့်သတ်ထားရှိမည့် အဆောင်များအား ယနေ့နံနက်ပိုင်းက ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။