ဇမိမြစ်သဘာဝ‌ရေပြင်အတွင်း ငါးသား‌ပေါက်ကောင်ရေ တစ်သိန်းစိုက်ထည့်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိမြစ်သဘာဝ‌ရေပြင်အတွင်း ငါးသား‌ပေါက်ကောင်ရေ တစ်သိန်း စိုက်ထည့်ခြင်းကို ယနေ့ နံနက်ပိုင်းက သံပုရာကျေးရွာဆိပ်ကမ်း၌ ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင်သုံးပြုရန်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO) က ထောက်ပံ့ကူညီသည့် အထောက်အကူပြု ပစ္စည်းများတင်ဆောင်လာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ် ရောက်ရှိ
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု အစီအစဉ်ဖြင့်  မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထောက်ပံ့ကူညီသည့် အထောက်အကူပြု ပစ္စည်းများတင်ဆောင်လာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ်သည် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မလေးရှားနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသည်။
ကျောက်ဆည်မြို့နယ်အတွင်း စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းသားများ၏ စိုက်ပျိုးသီးနှံများ လေလွင့်ဆုံးရှူံးမှု မရှိစေရေးဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်   ကျောက်ဆည် မြို့နယ်အတွင်းရှိ သီးနှံစိုက်ပျိုးထုတ်လုပ်သော သမဝါယမအသင်းသားများ စိုက်ပျိုး ထားသော သီးနှံများ လေလွင့်ဆုံးရှူံးမှု မဖြစ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ အသင်းသားများ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက် သီးနှံများကို ဝယ်ယူ၍ သမဝါယမ ဦးစီးဌာန ဝန်ထမ်းများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသင်းသားပြည်သူများထံသက်သာသော ဈေးနှုန်းများဖြင့် တဆင့် ပြန်လည်ရောင်းချပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးထံမှ သတင်းရရှိ
ညောင်ဦးမြို့နယ်တွင်  မိုးသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန် မြေယာပြုပြင် ထွန်ယက်ခြင်းနှင့် စက်ပြုပြင်ခြင်းများ အခမဲ့ ဆောင်ရွက်ပေး 
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေး မြေယာပြုပြင်ထွန်ယက်ရန် အခက်အခဲရှိ တောင်သူများကို စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်ကြီး (၅)စီးဖြင့် ထွန်ယက်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်ဖြိုးထံက သိရသည်။
ရွှေကူမြို့နယ်၌ ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သော မိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

တောင်သူ့အားမာန်မျိုးစေ့ထုတ် သမဝါယမအသင်းကပဲတီစိမ်းမျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချ
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် အသင်းသားများ၏ဆန္ဒနှင့်အညီ တောင်သူ့ အားမာန်မျိုးစေ့ထုတ် သမဝါယမ အသင်းကို ဖွဲ့စည်းခဲ့ပြီး ပဲတီစိမ်းမျိုး(ရေဆင်း-၁၄) မျိုးကောင်းမျိုးသန့် များကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ အသင်းအချင်းချင်းဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် တောရတနာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း၏  စိုက်ဧက (၂၃)ဧကအတွက် (၁၁.၅)တင်း၊ ရွှေသူစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ စိုက်ဧက (၈၄)ဧကအတွက် (၄၂)တင်း၊ ပခန်းငယ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ စိုက်ဧက (၄၀) အတွက် (၂၀)တင်းတို့ကို ပဲတီစိမ်းမျိုးတစ်တင်းလျှင် (၄၅၀ဝ၀/-)ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ပါသည်။ ပဲတီစိမ်းမျိုး (ရေဆင်း-၁၄)အားဝယ်ယူလိုသောတောင်သူဦးကြီးများအနေဖြင့် ရေစကြိုမြို့နယ် သမဝါယမ အသင်းစု ဖုန်းနံပါတ် ဝ၉-၂၅၆၁၄၂၉၃၇ ထံသို့ ဆက်သွယ်မှာယူရရှိနိုင်ပါကြောင်း သိရှိရ