ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် နေရပ်ပြန်ပြည်သူများထားရှိရာ facility quarantine စခန်းသို့ သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး၊  ပဲခူးမြို့ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများနှင့် အတူ ယနေ့ မွန်းလွဲ(၂)နာရီက ပဲခူးမြို့ အသောက ဘုန်းတော်ကြီးကျောင်းရှိ နေရပ်ပြန်ပြည်သူများထားရှိရာ facility quarantine စခန်းအား သွားရောက်ကြည့်ရှု၍ အားပေးစကားများ ပြောကြားသည်။
မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄၈,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄၈,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။ 
မြိတ်မြို့တွင် သံဃာတော်များနှင့် သီလရှင် စုစုပေါင်း အပါး(၄၀၀)အတွက် အခြေခံ စားသောက်ကုန်(၄)မျိုးနှင့် ဝတ္ထုငွေ လှူဒါန်း  
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်းမှ သံဃာတော်များနှင့် သီလရှင် ကျောင်းများမှ သီလရှင်များ စုစုပေါင်း အပါး(၄၀၀)အတွက် အခြေခံစားသောက်ကုန် (၄)မျိုးနှင့် ဝတ္ထုငွေများကို ယနေ့ နံနက်ပိုင်းက ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လှူဒါန်းခဲ့သည်။
ပုဂံညောင်ဦးမြို့နယ်ရှိ အခြေခံလက်လုပ်လက်စား အိမ်ထောင်စု ၂၈၈ စုအား ဆန်လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုဝင်များအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆန်များလှူဒါန်းခဲ့ကြောင်း သိရသည်။
မန္တလေးတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေး‌ရေး လုပ်ငန်းများကို ဇွန်လဆန်းပိုင်းမှာ စတင်နိုင်မည်
မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနရှိ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြု စမ်းသပ် စစ်ဆေးရေး စက်နှစ်လုံးဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေး‌ရေး လုပ်ငန်းများကို ဇွန်လဆန်းပိုင်း ရောက်မှသာ စတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 
ဖလမ်း ကိုဗစ်-၁၉ ကော်မတီမှ ပုံမှန်ဝင်ငွေမရှိသူများနှင့် မသန်စွမ်းများအား ဆန်လှူဒါန်း
ယနေ့ ညနေပိုင်းက ဖလမ်း ကိုဗစ်-၁၉ ကော်မတီမှ ဖလမ်းမြို့ပေါ် အသင်းတော် (၃၅) ပါးရှိ ပုံမှန်ဝင်ငွေ မရှိသူ အိမ်ထောင်စုများအတွက် ဆန်များသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဆဋ္ဌမအသုတ်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၁)ဉီးအား မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဆဋ္ဌမအသုတ်အဖြစ် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။