စည်းကမ်းဖောက်ဖျက်သည့် ကမ်းဝေးငါးဖမ်း/ငါးသယ်ရေယာဉ်များအား VMS စနစ်ဖြင့် ဇွန်လ(၁) ရက်နေ့မှ စတင်အရေးယူဆောင်ရွက်မည် 

မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသည့် ကမ်းဝေးငါးဖမ်း/ ငါးသယ်ရေယာဉ်များအား ဇွန်လ(၁)ရက်နေ့မှစတင်ကာ စည်းကမ်းဖောက်ဖျက်သည့် ရေယာဉ်များနှင့် ရေယာဉ် တည်နေရာ သတင်းအချက်အလက်ပေးပို့ခြင်းမရှိသည့် ရေယာဉ်များကို ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေး ကိရိယာ VMS စနစ် ဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ စောင့်ကြည့်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရ
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု ကာလအတွင်း ဆွမ်းကွမ်းကိစ္စ အခက်အခဲဖြစ်ပေါ်လျှက်ရှိသည့် ကော့သောင်းမြို့ပေါ် ကျောင်းတိုက်အသီးသီးမှ သီလရှင်ဆရာလေးများအား ပစ္စည်းလေးပါးလှူဒါန်း
ကော့သောင်းမြို့၊ အမြဲတန်းအလှူရှင်များက ကော့သောင်းမြို့ပေါ်ကျောင်းတိုက်အသီးသီးမှ သီလရှင် ဆရာလေးများအား ယမန်နေ့ မွန်းလွဲပိုင်း က ပစ္စည်းလေးပါးလှူဒါန်းခဲ့ကြကြောင်း သိရ
ပုသိမ်မြို့ လူထုအခြေပြု ဖျားနာကုသရေးဆေးကုခန်းမှ  ဇွန် ၁ ရက်နေ့မှ စတင်ကာ ကုသမှုများ ဆောင်ရွက်ပေးမည်
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ထိန်းချုပ်ရေးအား အထောက်အကူပြုစေရန် ရည်ရွယ် ၍ ပုသိမ်မြို့လူထု အခြပြုဆရာဝန်များ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ လူမှုရေး အဖွဲ့များ စုပေါင်း၍ လူထုအခြေပြု ဖျားနာဆေးကုခန်း ( Community Fever Clinic Pathein ) ကို ပုသိမ်မြို့အမှတ် ၃ ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးတွင် ဇွန်လ( ၁ )ရက်နေ့မှစတင်၍ ဖွင့်လှစ် ကုသပေးသွားမည်ဖြစ်ကြောင်း သိရ
တောင်သာမြို့နယ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူများ အကြံပြုချက်များနှင့် လျှပ်စစ်ကြောင့် အန္တရာယ် ဖြစ်ပေါ်ပါက အရေးပေါ်အခြေနေများ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ ကြေညာထား
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အား အသုံးပြုသူများ အတွက် အကြံပြုချက်များနှင့် အဆင်မပြေမှုများ၊ လျှပ်စစ်ကြောင့်အန္တရာယ် တစ်စုံတစ်ရာဖြစ်ပေါ်ပါက  ဆက်သွယ် ပြောဆိုနိုင်ရန်  Complain Call Center နှင့် Contact Person  ဗီနိုင်းများအား တောင်သာမြို့နယ်  လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ  လူအများသိနိုင်မည့်  နေရာများတွင်မေ ၃၀ ရက် ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရ
တောင်ကြီးမြို့ပေါ်ရပ်ကွက်များ၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  အဘိတ်ဆေးများ လိုက်လံခတ်ပေး

မတ္တရာမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူများအား စပါးအခြောက်ခံစက်ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မတ္တရာမြို့နယ် အမှတ်(၄၃) စက်မှုလယ်ယာ စခန်းတွင်  ရာသီဉတုကြောင့် အခြောက်ခံရန် ခက်ခဲသောတောင်သူများ၏ စပါးများအား  စပါးအခြောက်ခံစက်ဖြင့် ဝန်ဆောင်မှုပေး လျက်ရှိကြောင်း သိရ
မင်းလှမြို့နယ်အတွင်းရှိ တောင်သူများ၏ မိုးစို နွေစပါးများအား စပါးအခြောက်ခံစက်ဖြင့် ကူညီဆောင်ရွက်ပေး
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန၊အမှတ်(၂၇) စက်မှုလယ်ယာစခန်းမှ မိုးကြိုကာလတွင် ဖြစ်ပေါ်လျှက်ရှိသော ရာသီဥတုကြောင့် နွေစပါးရိတ်သိမ်းတောင်သူများအား စပါး အခြောက်ခံစက်ဖြင့် ကူညီဆောင်ရွက်ပေးလျှက်ရှိရာ ယခုမေလအတွင်း ဝက်လှကြီးကျေးရွာနှင့် ထောက်ကြံကွင်း ကျေးရွာတို့မှတောင် သူ(၃) ဦး၏နွေစပါးတင်း (၁၀ဝ၀)ခန့် ကူညီဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရ