ငဖဲမြို့တွင် ယာယီပိတ်ထားသော မြို့မဈေးရှိ ကုန်ခြောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ပေး

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့ပေါ်ရှိ မြို့မဈေးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဧပြီ ၁၄ ရက်မှစ၍ ယာယီပိတ်သိမ်းထားခဲ့ရာ မေ ၂၈ ရက်မှစ၍ ဈေးကြီးအပြင်ဘက် ကုန်ခြောက်ဆိုင်နှင့် ဈေးဆိုင်ခန်းများအား ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြု ခဲ့ကြောင်း သိရ
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်
မိုးဦးကျရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အများပြည်သူသုံး ရေတွင်းရေကန်များနှင့် နေအိမ်များသို့ ခြင်ဆေးဖျန်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးများ လိုက်လံထည့်ပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ချက်များကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ၌ ဆောင်ရွက်ခဲ့
မင်းဘူးမြို့နယ် ပန်းတောင်းကျေးရွာတွင် ၄၀ဝ ဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ပန်းတောင်ကျေးရွာအုပ်စု ပန်းတောင်းကျေးရွာတွင် ဒေသခံ ပြည်သူများ ၂၄ နာရီအချိန်ပြည့် လျှပ်စစ်မီးအသုံးပြုနိုင်စေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း ၄၀ဝ ဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရ
COVID-19 ရောဂါ ကာကွယ်တားဆီးရေး စေတနာ့ဝန်ထမ်းများအား ဆင့်ပွားသင်တန်းဖွင့်လှစ်
COVID-19 ရောဂါ တားဆီးကာကွယ်နှိမ်နင်းရေးအတွက် စေတနာ့ဝန်ထမ်းများအား ဆင့်ပွား သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ဇွန် ၁ ရက် နံက် ၉ နာရီက ဆားလင်းကြီးမြို့နယ် မြို့နယ်ခန်းမ၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရ
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁-၆-၂၀၂၀) ရက်နေ့၊ နံနက် (၇:၃၀)နာရီ

ပလက်ဝမြို့အနီး နေရာယူ၍ နယ်မြေလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည့် AA  အကြမ်းဖက် သောင်းကျန်းသူများ၏ အခိုင်အမာ ခြေကုပ်စခန်းသုံးခုနှင့် ကာကင်းစခန်းများအား သိမ်းပိုက်ရရှိ
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝနယ်မြေအတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ်၊ ပလက်ဝမြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာရှိ ပလက်ဝမြို့အား စိုးမိုးထားသည့် ပွိုင့်-၆၀၂ ၊ ပွိုင့်-၅၆၅နှင့် ပွိုင့်-၅၄၀ နေရာများ၌ အခိုင်အမာနေရာယူ၍ ပလက်ဝဒေသ နယ်မြေလုံခြုံရေး၊ ကုလားတန်မြစ်ကြောင်းတစ်လျှောက် လမ်းကြောင်းလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးများ အပါအဝင် ကုလားတန် မြစ်ကူးတံတားနှင့် လမ်းဖောက်လုပ်ရေး စီမံကိန်းတို့အား နှောင့်ယှက် ခြိမ်းခြောက်ခဲ့သည့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ အခိုင်အမာခြေ ကုပ်စခန်း ၃ ခုနှင့် ကာကင်းစခန်းများကို ယနေ့နံနက် ၈ နာရီခန့်တွင် တပ်မတော်မှ အပြီးတိုင်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။