မိုင်းယန်းမြို့အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော တောင်ပေါ် ကျေးရွာ(၁၅)ရွာသို့ လုံခြုံရေး ဆိုလာမီးတိုင်များ ပေးအပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင် မိုင်းယန်းမြို့၌ လျှပ်စစ်မီးမရရှိသေးသော တောင်ပေါ်ဒေသ ကျေးရွာ (၁၅)သို့ လုံခြုံရေးဆိုလာမီးတိုင်များ ပေးအပ်ခြင်းကို ဇွန်လ ၁ ရက် နံ့နက် ၁၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။







