၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်နှင့် မဲရုံများသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်သူလယ်သမားများသို့ အကြံပြုနှိုးဆော်ချက်

နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှုအတွက် အကူအညီ အလွယ်တကူတောင်းခံနိုင်

တောင်သူ၊ ပုဂ္ဂလိကလုပ်ငန်းရှင် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ကန်ထရိုက်လယ်ယာစနစ်ကို စတင်ကျင့်သုံးဆောင်ရွက်သွားမည်

COVID-19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မော်လမြိုင်မြို့တွင် လူမှုဖူလုံရေးထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀%)ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးလျက်ရှိ
COVID-19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယာယီရပ်နားခဲ့ရသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်(၄၀%)ရာခိုင်နှုန်း ထုတ်ပေးခြင်းကို ဇွန်လ(၂)ရက်၊ နံနက်(၁၀)နာရီတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်လူမှုဖူလုံရေးရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရပါသည်။
မိုးဦးကာလ ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်း သတိပေး နှိုးဆော်ချက် ထုတ်ပြန်
မြန်မာနိုင်ငံရှိ မြစ်များတွင်  မုတ်သုန်ရာသီအစ  မိုးဦးကာလ၌  မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်းနှင့်အတူ မြစ်ရေ မြင့်တက်လာမည် ဖြစ်ပါသည်။ မြစ်ရေ တက်လာမှုပေါ် မူတည်၍  ရေယာဉ်များ  အန္တရာယ်ကင်းစွာ  ခုတ်မောင်းသွားလာနိုင်ရန်  လိုအပ်သော   ရေလမ်းညွှန် အမှတ်အသားများကို ပြသထားမည်ဖြစ်၍  အလေးထား  လိုက်နာကြရန် လိုအပ်ပါသည်။  ရာသီဥတု ဒဏ်ကြောင့် ရေလမ်းညွှန်အမှတ်အသားများ တစ်ခါတစ်ရံပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြုခုတ်မောင်းကြရန်  လိုအပ်