ကော့မှူးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် မိုးရာသီကာလအဖြစ်များသော သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွား စေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက် ၉ နာရီက မြို့မရပ်ကွက်၌ စုပေါင်းဆောင်ရွက်နေကြောင်းတွေ့ရသည်။








