မိုင်းယန်း ၂ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင် မိုင်းယန်းမြို့၌ လျှပ်စစ်မီးမရရှိသေးသော တောင်ပေါ်ဒေသ ကျေးရွာ (၁၅)သို့ လုံခြုံရေးဆိုလာမီးတိုင်များ ပေးအပ်ခြင်းကို ဇွန်လ ၁ ရက် နံ့နက် ၁၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုလာမီးတိုင်များ ပေးအပ်ရာတွင် လျှပ်စစ်မီးမရရှိသေးသော တောင်ပါ်ဒေသ ယန်းကောင်အုပ်စုမှ ကျေးရွာ(၁၁)ရွာနှင့် မိုင်းလွေအုပ်စု မှကျေးရွာ(၄) ရွာသို့ လုံခြုံရေးဆိုလာမီးတိုင်များ စုစုပေါင်း(၇၂)တိုင်အား နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ပြည်နယ်မှူး ဦးသန့်ဇင်မှ ကျေးရွာအသီးသီးသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)


