ပုဇွန်တောင်မြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှမဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းကို ယနေ့နံနက် (၉) နာရီက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရ
ဂန့်ဂေါမြို့ ပိုးတွေ့လူနာ အမှတ်စဉ်(၁) ကျန်းမာရေးကောင်းမွန်ပြီဖြစ်၍ ဆေးရုံမှဆင်းခွင့်ရ

ကံမမြို့နယ်တွင် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်

မန့်ဟီးရိုးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မြို့ရုံးမှ ဝန်ထမ်းများသည် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် များကို ဒေသခံပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခြင်းကို အမှတ်(၁)ရပ်ကွက်အတွင်း အောက်တို ဘာ လ ၁၉ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြ
ကချင်ပြည်နယ်အတွင်းရှိ မိန်းကလေးငယ် ၁၅၇၆၉ ဦးအား အိတ်ချ်ပီဗီကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထိုးနှံပေးမည်

ဒီးမော့ဆိုမြို့နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး
နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေး အဓိကထား ဆောင်ရွက် ပေးလျက်ရှိရာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ကျောက်လမ်းခင်းခြင်း (၁၀) မိုင် ခွင့်ပြုငွေကျပ် ၁၀၆၆ ဒဿမ ၇၃ သန်းကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁၁၀ဝ ပေ ခွင့်ပြုငွေကျပ် ၁၂ ဒဿမ ၉ သန်း၊ (၂)ဖာလုံလမ်းချဲ့ခြင်း၊ Step Bar ခံခြင်းခွင့်ပြုငွေကျပ် ၈ ဒဿမ ၃၅၅ သန်း၊ (၃၅)ပေ သစ်သားတံတား ပြုပြင်ခြင်းခွင့်ပြုငွေကျပ် ၈ ဒဿမ ၃၄၄ သန်းနှင့် Box Culvert(၂၃)စင်း တည်ဆောက်ခြင်း ခွင့်ပြုငွေကျပ် ၉၆ ဒဿမ ၇၉၄ သန်းစုစုပေါင်းခွင့်ပြုငွေကျပ် ၁၁၉၃ ဒဿမ ၁၂၃ သန်းဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရ
လိပ်သိုမြို့ ဒေသတွင် ကွမ်းသီးပေါ်ချိန်ရောက်ရှိလာ၍ ကွမ်းသီးစိုက်ပျိုးသူ တောင်သူများ ဆွတ်ခူးလျက်ရှိ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့တွင် ကွမ်းသီးများ ရင့်မှည့်လာပြီဖြစ်၍  ကွမ်းသီးစိုက်ပျိုးသူ တောင်သူများ  ဆွတ်ခူး ထုတ်လုပ်လျက်ရှိကြောင်း သိရ