ဂန့်ဂေါ ၂၀ အောက်တိုဘာ
ဂန့်ဂေါမြို့ ခုတင် (၁၀၀) ဆေးရုံတွင် တက်ရောက်ကုသမှုခံယူရသည့် ပိုးတွေ့လူနာ အမှတ်စဉ် (၁/၂၀၂၀) မှာ ကျန်းမာရေးကောင်းမွန်လာပြီဖြစ်၍ အောက်တိုဘာ ၁၉ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုပြီဖြစ်ကြောင်း နှင့် သက်ဆိုင်ရာမှ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးကြောင်း သိရသည်။
ထို့ပြင် ပိုးတွေ့လူနာအား ကိုင်တွယ်ကုသပေးခဲ့ကြသည့် အထူးသီးသန့်ဆောင်မှဝန်ထမ်းများ အားလုံးကို RDT စစ်ဆေးရာ အားလုံးတွင် ပိုးတွေ့ရှိခြင်းမရှိကြောင်း သိရသည်။
တောင်သားမောင်သန်း


