ပွင့်ဖြူမြို့၊(အ.ထ.က)ကျောင်း ယာယီသီးခြားလူနာကုသဆောင်ရှိ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ လူနာများအား ကျန်းမာရေး ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့(အ.ထ.က)ကျောင်း ယာယီသီးခြားလူနာကုသဆောင်တွင် ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့လူနာ (၇)ဦးအား ရောဂါသက်သာ ပျောက်ကင်း စေရေးအတွက် ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ








