ကံမ ၂၀ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဟန်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းသိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

 

ထိုသို့တာဝန်ပေးအပ်ရာတွင် လယ်ယာကဏ္ဍ၊  သစ်တောကဏ္ဍ၊ လျှပ်စစ်ဓါတ်အားကဏ္ဍ၊ သားငါးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍနှင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍတို့အား သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူအသီးသီးက ရည်မှန်းချက်တာဝန်များအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနမှ သိရသည်။

 

ကျော်ဇေယျဝင်း (ကံမ)