ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူဓာတ်အားခွဲရုံနှင့် သိမ်ကုန်းဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားများ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဓာတ်အားခွဲရုံနှင့် ဥက္ကံမြို့ သိမ်ကုန်းဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားများကို ယနေ့တွင် အဆိုပါဓာတ်အားခွဲရုံများ၌ ကျင်းပပြုလုပ်သည်။








