ကျောင်းကုန်းမြို့နယ် မြို့ထိပ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထား ဆောင်ရွက်လျက်ရှိပြီး ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့ထိပ်သို့ ယနေ့နံနက် ၈ နာရီက ရောက်ရှိကာ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်ကို ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။






