ပုဂံဒေသရောက်သူတိုင်း အားထားသွားရောက်သည့် ပုဂံသရပါတံခါး
ပုဂံဒေသရောက်သူတိုင်း ပုဂံသရပါတံခါးဆီ အရောက်သွားလေ့ရှိသည်။ ပညာရှင်များ၏ လေ့လာမှုများအရ တံခါး ၁၂ ရပ်ရှိသည့်အနက် သရပါတံခါးသည် ပျူအထောက်အထား၊ ပျူစရိုက် လက္ခဏာများပါဝင်သော တံခါးအဖြစ် အုတ်ရိုးများက သက်သေပြနေသော အဖိုးတန်သမိုင်းဝင် တံခါးပင်ဖြစ်သည်။
လေ့လာစရာများစွာ တည်ရှိနေသော ရှေးဟောင်းယဉ်ကျေးမှု မြို့တော်အင်းဝ
အင်း၀ရှေးဟောင်းနယ်မြေမှာ စိတ်ဝင်စားဖွယ်ဖြစ်ပြီး ကိုဗစ်-၁၉ မဖြစ်ခင်ကာလက နှစ်စဉ် ပြည်တွင်း/ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်လျက်ရှိသော သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှု မြို့ပင်ဖြစ်သည်။ အင်းဝဒေသတွင် လေ့လာစရာ များစွာတည်ရှိပြီး ထိုလေ့လာစရာများထဲတွင် အင်းဝမြို့တည် သတိုးမင်းဖျား ရုပ်တုလည်း လေ့လာစရာတစ်ခု တိုးလာသည်။
လက်ရာမြောက် ဗုဒ္ဓရုပ်ပွားတော်များ တည်ရှိပြီး သားသတ်ခြင်း၊ တောလိုက်ခြင်း မပြုရသည့် မြင်းခွါတောင်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ဝက်တိုးကျေးရွာအနီးတွင် စိတ်ဝင်စားဖွယ်ရာ မြင်းခွါတောင် တည်ရှိသည်။ မြင်းခွါတောင်အနီးတွင် စိုက်ပျိုးရေးအတွက် အဓိကကျသော ရေများကို တစ်နှစ်ပတ်လုံး လွှတ်ပေးနေသည့် ကင်းတပ်ရေလွှဲတမံတစ်ခု တည်ဆောက်ထားသည်။ မြင်းခွါတောင်ပေါ်မှ ကင်းတပ်ရေလွှဲတမံ အလှရှုခင်းနှင့် ပတ်ဝန်းကျင်ရှုခင်းများကို ကြည့်ရှုနိုင်သည်။
မိုင်းပန် - နောင်လေ - မိုက်ပုတ်(ပန်ပိ) မြေသားလမ်း (၃၆)မိုင်အနက် (၂)မိုင်အား ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းခင်းမည်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုင်းပန် - နောင်လေ - မိုက်ပုတ်(ပန်ပိ) မြေသားလမ်း (၃၆) မိုင်အတွင်း၌ ကတ္တရာလမ်း (၂)မိုင်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာသို့ တာဝန်ရှိသူများမှ