အောင်ချမ်းသာကျေးရွာ၌ နွေရာသီကာလ ရေရှားပါးမှု မဖြစ်ပေါ်စေရေး စက်ရေတွင်းတူးဖော်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြိုင်မြို့နယ်အတွင်း နွေရာသီကာ ရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ထန်းဘုန်းတောကျေးရွာအုပ်စု၊ အောင်ချမ်းသာ ကျေးရွာ၌ အကျယ် ၄ လက်မ၊ အနက်ပေ ၇၆၀ ပေရှိ စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းတွင် ၄ လက်မ GI စကာပိုက် သုံးလုံး၊ ၄ လက်မ GI တွင်းကာပိုက် (၃၄)လုံး၊ စုစုပေါင်း ၃၇ လုံးအား ချရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများကို နိုဝင်ဘာလ ၂၁ ရက်က ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ခရိုင်းဦးစီးမှူး ဦးတင့်ဝေ၊ မြိုင်မြို့နယ်ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းစစ်ဆေး


