တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁) ကို Virtual Festival အွန်လိုင်းစနစ်ဖြင့် ကျင်းပနိုင်ရေး လေ့လာဆန်းစစ်သည့် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် Virtual Festival အွန်လိုင်းစနစ်ဖြင့် ကျင်းပနိုင်ရေးလေ့လာဆန်းစစ်သည့် အကြိုညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက နေပြည်တော် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ အစည်းအဝေး ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။







