သမဝါယမဦးစီးဌာနအောက်ရှိ နိုင်ငံခြားပညာတော်သင်များ၏ အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအောက်ရှိ ဌာန/ သမဝါယမတက္ကသိုလ်/သမဝါယမကောလိပ်တို့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအထိ သုတေသနသင်တန်း၊ မဟာဘွဲ့သင်တန်းနှင့် ပါရဂူဘွဲ့သင်တန်းပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံခြားပညာတော်သင်များ၏ အတွေ့အကြုံရှင်းလင်းပွဲကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက  Virtual Platform ကတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းပန်မြို့နယ်၌  နေကြာစားဆီသန့် အသုံးပြုနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက်
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းသည့် စားဆီသန့်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် ကုန်းကျိုင်းကျေးရွာအုပ်စု၊ တောင်သူဦးနေမျိုးအောင်၏ ယာမြေစိုက်ခင်းတွင် ရေဆင်း(၁) စပ်မျိုးနေကြာ (ဆီနေကြာ)အား စံပြကွက်အဖြစ် စိုက်ပျိုးရေးဦးစီးဌာန၏ ချမှတ်ထားသည့် စိုက်နည်းစနစ်အတိုင်း စိုက်ပျိုးအောင်မြင်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ်အတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

ရန်ကုန် ၊ ၂၄ ဒီဇင်ဘာ 

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှမ်းကုန်ချောထုတ်စက်ရုံ ကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး လိုက်ပါကာ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၈ နာရီအချိန်က မကွေးမြို့နယ် ကံပြားကျေးရွာအနီးရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် PC Myanmar တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် နှမ်းကုန်ချောထုတ်စက်ရုံ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၄-၁၂-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀)နာရီ

‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

 

ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ ကိုဗစ် - ၁၉ ကာလအတွင်း တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် သီးနှံ(Home Garden) စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ကာလအတွင်း ကျန်းမာသန့်ရှင်း လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် အကောင်အထည်ဖော် စိုက်ပျိုး ဆောင်ရွက်ထားသည့် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် (Home Garden) စိုက်ခင်း စိုက်ပျိုး ဆောင်ရွက်ထားရှိမှုအား  အောင်မြင်ဖြစ်ထွန်းမှု ရှိ/မရှိ ဒီဇင်ဘာ ၂၄ ရက်  နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် မုန်းနားစုကျေးရွာနှင့် ညောင်ပင်ရွာ ကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ