ဟိုပုံးမြို့နယ်၌ မိုးလုံလေလုံအားကစားရုံ တည်ဆောက်ရန် ပန္နက်ရိုက်ထူခြင်းဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်နယ်ရန်ပုံငွေဖြင့် မိုးလုံလေလုံ အားကစားရုံတည်ဆောက်ရန် ပန္နက်ရိုက်ထူခြင်းကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက မြို့နယ်အားကစားကွင်း အားကစားရုံတည်ဆောက်မည့် မြေနေရာတွင် ပြုလုပ်ခဲ့သည်။








