ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုရီးယားသမ္မတနိုင်ငံနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ KF94 ပါးစပ်နှင့်နှာခေါင်းစည်း (KF94 mask) များနှင့် လူနာတင်ယာဉ်များ လှူဒါန်းမှုအခမ်းအနားသို့ တက်ရောက်
ကိုရီးယားသမ္မတနိုင်ငံနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ပါးစပ်နှင့်နှာခေါင်းစည်း (mask) များနှင့် လူနာတင်ယာဉ်များ လှူဒါန်းမှုအခမ်းအနားကို ဒီဇင်ဘာ  ၂၅  ရက် ညနေပိုင်းတွင် ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။