သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာအချို့တွင် ရေအရောင်ပြောင်းလဲခြင်း ဖြစ်ပေါ်ခဲ့မှုနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများအား အသိပေးရှင်းလင်း
ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ကမ်း ကျေးရွာများရှိ ရေတွင်း၊ ရေကန် အင်း အိုင်အချို့တွင် ရေအရောင်ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ကျေးရွာသူ၊ ကျေးရွာသားများအား အသိပေး ရှင်းလင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက ပန်းကုန်းကျေးရွာအုပ်စု ကော့ပတိုင်ကျေးရွာ အလယ်တန်း ကျောင်း ခန်းမ၌ ကျင်းပသည်။






