မြိတ်မြို့တွင် မီးဘေးအန္တရာယ်တားဆီးရေးအတွက် မီးငြှိမ်းသတ်ရေပိုက်ငုတ်များနှင့် ရေရရှိနိုင်သော နေရာများအား ကြည့်ရှုစစ်ဆေး

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေး၊ မီးငြှိမ်းသတ်ရေး ဆောင်ရွက်ရာတွင် ရေလုံလောက်စွာ ရရှိရေးနှင့် ရေရရှိနိုင်သည့်နေရာများ၌ ရေအသင့်ဖြစ်စေရေး အတွက် မြိတ်မြို့ ရပ်ကွက်များတွင် တပ်ဆင်ထားသည့် မီးငြှိမ်းသတ်ရေပိုက်ငုတ်များနှင့် ရေရရှိနိုင်သော နေရာများအား ဒီဇင်ဘာ ၂၄   ရက်တွင် မြိတ်ခရိုင်မီးသတ်ဦးစီးဌာမှူး ဦးဇော်ဝင်း၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဉက္ကဋ္ဌ ဦးမြတ်ကိုကိုနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၅-၁၂-၂၀၂၀) ရက်နေ့၊ ညနေ (၅:၀၀)နာရီ

လေ့လာစရာ မြန်မာ့ရိုးရာ မဏ္ဍပ်လက်မှုအနုပညာ
မြန်မာတို့၏ ယဉ်ကျေးမှုပွဲများထဲတွင် ရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲသည် ထိပ်ဆုံးမှပါဝင်သော ပွဲတစ်ပွဲပင်  ဖြစ်သည်။ အညာဒေသတောရွာများတွင် အလှူကြီးပေးနိုင်မှ လူဖြစ်ရကျိုးနပ်သည်ဟုပင် စွဲမှတ်ထားကာသား ရှင်ပြုနိုင်ရေး အားထားလုပ်ဆောင်ကြသည်။ အလှူပွဲများတွင် မပါမဖြစ် ပါဝင်ကာ အလေးထားသည့်အရာမှာ အလှူမဏ္ဍပ် ပင်ဖြစ်သည်။
ပခုက္ကူဒေသနှင့် ကိုက်ညီမည့် ဝါမျိုးရွေးချယ်ရေးစိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးရွာသုံးရွာမှ တောင်သူများ  ဆွေးနွေး
ဒေသကိုက်ညီမည့် ဝါမျိုးစေ့ရွေးချယ်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်ကျေးရွာသုံးရွာမှ တောင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၅ ရက် နံနက် ၉ နာရီက ပခုက္ကူမြို့နယ် ထန်းတပင်ကျေးရွာ တောင်သူ ဦးအောင်သန်း၏ ဝါ(၅)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်၌ ကျင်းပသည်။
အသိပေးနှိုးဆော်ချက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတကာ နှစ်သစ်ကူးအကြိုကာလနှင့် နှစ်သစ်ကူး နေ့ရက် တို့တွင် ဗျောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ပစ်ဖောက်မှုများကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်း သာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင်
တောင်ကြီးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်နိုင်ရေး ကျေးရွာရွေးချယ် 
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီး ဌာနက ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာရွေးချယ်ခြင်းအခမ်းအနားကို ဒီဇင်ဘာ  ၂၄  ရက် မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
ညောင်ဦးမြို့ရှိ  အိမ်ထောင်စု  ၄၀၀  အား ဆန်၊  ဆီ ၊ ငါးခြောက်များ လှူဒါန်း
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း အိမ်ထောင်စု ၄၀၀ အား စေတနာရှင် ဦးသက်ဆွေဦး -ဒေါ်အေးအေးစိန် မိသားစုက ဆန်၊ ဆီ၊ ဆား တို့ကို ဒီဇင်ဘာ ၂၅ ရက်က လိုက်လံလှူ ဒါန်းခဲ့ကြောင်း ညောင်ဦးမြို့ ဒေသခံဦးအောင်ခိုင်ထံကသိရသည်။