Latest News

နောက်ဆုံးရသတင်းများ

ပျော်ဘွယ်မြို့တွင် မီးလောင်မှုဖြစ်ပွား၍ ရောင်းချရန်ထားရှိသည့် ဆိုင်ကယ်မျိုးစုံ အစီး(၂၀) မီးလောင်ဆုံးရှုံး

မှုခင်း

03/04/19

ယနေ့နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ ရွှေပြည်ရန်နိုင်ရပ်နေ အောင်သီဟ (၄၅)နှစ်၏ "K ဟိန်း" ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်နှင့် ကပ်လျက် တောင်ဘက်ရှိ ဒေါ်သိန်းသိန်းနွဲ့ (၆၂)နှစ်တို့၏ နေအိမ်နှစ်အိမ်ကြားမှစ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ပျော်ဘွယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်လွင် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကျင်းပ

ပြည်တွင်း

03/04/19

ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဒေါက်တာသန်းမြင့် ထားဝယ်အထူးစီးပွားရေးဇုန် ဆောင်ရွက်မှုအခြေအနေများ ကြည့်ရှုစစ်ဆေး

ပြည်တွင်း

03/04/19

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တို့သည် ဧပြီ ၁ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ဆောင်ရွက်လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။      

လာမည့်ရက်များအတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးဆက်လက် ထစ်ချုန်းရွာနိုင်

မိုးလေဝသ

03/04/19

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ည ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲ မြန်မာအသင်းအနိုင်ရရှိ

အားကစား

03/04/19

၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု(က) ပွဲစဉ်များအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မန္တလေးမြို့ရှိ မန္တလာသီရိဘောလုံးကွင်းနှင့် ဗထူးကွင်းတို့တွင် လက်ခံကျင်းပလျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နော်ဝေနိုင်ငံ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ကို သီးခြားစီတွေ့ဆုံ

ပြည်တွင်း

03/04/19

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်အောင်နှင့် အဖွဲ့တို့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ သီးခြားစီတွေ့ဆုံသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းဥပဒေများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပြည်တွင်း

03/04/19

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အမေရိကန်နိုင်ငံအခြေစိုက် Duane Morris & Selvam LLP တို့ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်း ဥပဒေများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို

AFC Cup ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း အိမ်ကွင်း၌ ရှုံးနိမ့်

အားကစား

03/04/19

၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု (G) တတိယနေ့အဖြစ် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းတို့ ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ရှမ်းယူနိုက်တက်အသင်းမှာ ဘင်ဒေါင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြို့ကြီးရေလှောင်တမံမှ ၂၀၁၉ ခုနှစ် နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးဧကများအတွက် ရေလုံလောက်စွာ ပေးဝေ

ပြည်တွင်း

03/04/19

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့တွင် ၂၀၁၉ ခုနှစ် နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးဧကများ အောင်မြင်ဖြစ်ထွန်းရန်အတွက်

အဖတ်များဆုံး သတင်း