Latest News
နောက်ဆုံးရသတင်းများ
ပြင်ဦးလွင်သင်္ကြန်တွင် သံချပ်ပြိင်ပွဲ ထည့်သွင်းကျင်းပသွားမည်
04/04/19
၂၀၁၉ ခုနှစ် မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်တွင် ပြင်ဉီးလွင်မြို့၌ သံချပ်ပြိုင်ပွဲကို ------------
သုံးခွမြို့နယ်၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပ
04/04/19
နွေရာသီကျောင်းပိတ်ရက်အတွင်း စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
သဘာဝအရသာကို ရာနှုန်းပြည့်ခံစားလို့ရတဲ့ နေရာတစ်ခု ဒုဋ္ဌဝတီမြစ်ဘေးက ၇ မိုင် ကမ်းခြေ
04/04/19
မန္တလေး ၄ ဧပြီ
မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ မန္တလေးချောင်းသာလို့ နာမည်ကြီးနေတဲ့ တောင်တန်းတွေ ပတ်လည်ဝိုင်းနေပြီး ဒုဋ္ဌဝတီမြစ်ဘေးက ၇ မိုင် ကမ်းခြေဟာ မန္တလေးလို အပူပိုင်းနေရာဒေသတစ်ခုမှာ အေးချမ်းပြီး သာယာလှပတဲ့ အိုအေစစ်လေးလို ဖြစ်တည်နေတဲ့အတွက် သဘာဝအရသာကို ရာနှုန်းပြည့်ခံစားလို့ရတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
နိုင်ငံတော်၏ ပညာရေးစနစ်အား (၂၁)ရာစု ကျွမ်းကျင်မှုများဖြင့် ပြည့်စုံသည့်သင်ရိုးသစ်များဖြင့် ပြောင်းလဲသင်ကြားပေးနေ
04/04/19
မန္တလေး ၄ ဧပြီ
နိုင်ငံတော်၏ ပညာရေးစနစ်ကို(၂၁)ရာစု ကျွမ်းကျင်မှုများဖြင့်ပြီးပြည့်စုံ၍ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်သော အနာဂတ် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ အခြေခံပညာအဆင့်ကျောင်းသား ကျောင်းသူများအတွက် သင်ရိုးသစ်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာ တင်မောင်ဝင်းက ပြောကြားသည်။
မြို့ကြီးရေလှောင်တမံမှ ၂၀၁၉ ခုနှစ် နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးဧကများအတွက် ရေလုံလောက်စွာ ပေးဝေလျက်ရှိ
04/04/19
မန္တလေး ၄ ဧပြီ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့တွင် ၂၀၁၉ ခုနှစ် နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးဧကများ အောင်မြင်ဖြစ်ထွန်း ရန်အတွက် မြို့ကြီးရေလှောင်တမံမှ ရေလုံလောက်စွာ ပေးဝေလျက်ရှိကြောင်း သိရသည်။
ကချင်၊ စစ်ကိုင်း အထက်ပိုင်း၊ တနင်္သာရီနှင့် ချင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်
04/04/19
၄ ဧပြီ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ဒီမိုကရေစီနှင့် နိုင်ငံရေးပါတီများ
04/04/19
၄ ဧပြီ
ဒီမိုကရေစီစနစ်အောက်တွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ၏ အခန်းကဏ္ဍမှာ အရေးကြီးလှပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီစနစ် ခိုင်မာအခြေတကျမဖြစ်သေးသည့် တိုင်းပြည်အဖို့ အရည်အချင်းပြည့်ဝသည့် နိုင်ငံရေးသမား အများအပြား ပိုမိုလိုအပ်သည်မှာ အမှန်။
ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Faulkner အားလက်ခံတွေ့ဆုံ
03/04/19
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သြစတြေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Andrea Faulkner အား ယနေ့ ညနေ ၃ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။