Latest News
နောက်ဆုံးရသတင်းများ
မဏိပူရ်မြစ်ကူး(ဒါတ်တား)တံတား ဖွင့်ပွဲအခမ်းအနား ကျင်းပ
08/05/19
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းအရ အိန္ဒိယသမ္မတနိုင်ငံ၏ ဒုတိယအကြိမ် အထောက်အပံ့ ရန်ပုံငွေကျပ်သန်း (၅၁၀) ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပြီးစီးခဲ့သည့်-------------
သဘာဝသစ်ရွက်များဖြင့် တစ်ခါသုံးပန်းကန်ပြားများထုတ်လုပ်ရန် ဆောင်ရွက်နေ
08/05/19
သဘာဝသစ်ရွက်များဖြင့် တစ်ခါသုံး ပန်းကန်ပြားများ ထုတ်လုပ်ရန် ဆောင်ရွက်နေကြောင်း A Grace Hydraulic Pressing Machine စက်ထုတ်လုပ်ရောင်းဝယ်ရေးမှ စွန့်ဦးတီထွင်သူ ဦးကျော်မိုးက ပြောသည်။
အင်္ဂပူမြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
08/05/19
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ အမှတ်(၃)ရပ်ကွက်၊ မြနန္ဒာလမ်းတွင် ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လူထုဟိုပြုစီမံကိန်းအရ ဆောင်ရွက်သော ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး
08/05/19
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် စမ်းရေခုံကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သော ကွန်ကရစ်ဓာတ်တိုင် စိုက်ထူခြင်းနှင့် မီးကြိုးသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပ်ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်၌ နွေနှမ်းနက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၊ အထွက်နှုန်းကောင်းမွန်ရန် မျှော်လင့်
08/05/19
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မိုးဝန်းကျေးရွာအုပ်စု၌ နွေရာသီတွင် နှမ်းနက်ကို မုန်းဆည်တမံမှ ရေကို ဆင်ဖြူကျွန်း လက်တံမြောင်းနှင့် လင်းဇင်းရေလွှဲဆည်များမှတစ်ဆင့် ရေသွင်းစိုက်ပျိုးခဲ့ရာ ယခုအခါတွင် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နောက်(၂)ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်
08/05/19
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ မေလ (၈)ရက်နေ့ မွန်းလွဲ (၂:ဝ၀)နာရီအချိန် ထုတ်ပြန်ချက်အရ ------------
ရမ်းဗြဲမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
08/05/19
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
လွိုင်ကော်မြို့နယ်၌ စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး
08/05/19
ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ စားသောက်ကုန်ထုတ်လုပ်သည့် မုန့်ဖိုများ၌ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချနိုင်ရေးအတွက် ကွင်းဆင်းအသိပညာပေးခြင်းကို မေ ၇ ရက်က နွားလဝိုးကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်လံမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား ကျင်းပ
08/05/19
အောင်လံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျင်းပသော ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ(သံဃာဆောင်) တွင် ကျင်းပခဲ့သည်။
ကံမမြို့နယ်ရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်
08/05/19
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်ရှိ ကျေးရွာအချို့တွင် မေ ၇ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများအား သရက်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများအား ယနေ့ မွန်းလွဲပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
အဖတ်များဆုံး သတင်း
- 27/Jul/2026