Latest News
နောက်ဆုံးရသတင်းများ
အားကစားနည်းပြများ မွမ်းမံသင်တန်း(၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကျင်းပ
08/05/19
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနည်းပြများ မွမ်းမံသင်တန်း (၁/၂၀၁၉)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် Multipurpose Hall ၌ ကျင်းပသည်။
ဝန်ကြီးချုပ်ဦးဝင်းသိန်း ရေတာရှည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
08/05/19
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မေ ၈ ရက် နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ (၆)မိုင် ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင် စေတီတော်မြတ်ကြီးတွင် စတုတ္ထအကြိမ်မြောက် အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်
08/05/19
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်မြတ်ကြီးတွင် ယနေ့ နံနက် ၆ နာရီ၌ စေတီတော်ရင်ပြင်တော်၌ ကျင်းပခဲ့သည်။
ချောက်မြို့၌ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
08/05/19
အခြေခံပန်းချီသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
ဇလွန်မြို့တွင် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး
08/05/19
ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ဇော်ဂျီကွင်းကျေးရွာတွင် အိမ်မွေးခွေးများနှင့် ကြောင်များကို လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မောင်တောမြို့နယ်၌ သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ရေသန့်ဗူးများလှူဒါန်း
08/05/19
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ သောက်သုံးရေရှားပါးသော ငွေတောင်ကျေးရွာနှင့် သာယာကုန်းကျေးရွာသို့ မေ ၇ ရက်တွင် မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းမြင့်ထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက သောက်ရေသန့်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျှက်ရှိ
08/05/19
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မေ ၇ ရက်က မြောက်ဦးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ပညာပေးဟောပြောပွဲ ပျဉ်းမနားမြို့နယ်တွင် ပြုလုပ်
08/05/19
ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီက ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မျိုးစေ့ဥပဒေနှင့် မျိုးစေ့ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပညာပေးသင်တန်းဖွင့်
08/05/19
မျိုးစေ့ဥပဒေနှင့် မျိုးစေ့ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပညာပေးသင်တန်းကို ယနေ နံနက် ၉ နာရီက ကရင်ပြည်နယ် ဖာပွန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်၌ ၂၀၁၉ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
08/05/19
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် ကမ္ဘာကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဖတ်များဆုံး သတင်း
- 27/Jul/2026