Latest News

နောက်ဆုံးရသတင်းများ

တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ (၁/၂၀၁၉) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြည်တွင်း

08/05/19

တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အသွေး ထိန်းသိမ်းရေးအဖွဲ့တို့ဖြင့် ကြီးကြပ်စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် လုပ်ငန်းများရရှိရန် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ (၁/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး၊ ဂျာမနီနိုင်ငံ သံအမတ်ကြီးနှင့် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ

ပြည်တွင်း

08/05/19

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms.Tone Tinnes အား လက်ခံတွေ့ဆုံ၍  Project Bank တွင် အစိုးရဘက်မှ ထောက်ပံ့ပေးနိုင်သည့်ကိစ္စရပ်များ၊ အလယ်ရဲရွာရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ နှင့်တွေ့ဆုံ

ပြည်တွင်း

08/05/19

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌနှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

ခရမ်းချဉ်သီးဈေးနှုန်းများ အထွက်နှုန်းနည်းပါးသဖြင့် တစ်ပိဿာ ကျပ်တစ်ထောင်ကျော်အထိ ဈေးမြင့်တက်နေ

စီးပွားရေး

08/05/19

ယခုရာသီတွင် ထွက်ရှိသည့် မြန်မာ့ထွက်ကုန် ခရမ်းချဉ်သီးမှာ စိုက်ပျိုးမှုနည်းပါးခြင်းနှင့်  ရာသီဥတုကောင်းမွန်မှု မရှိခြင်းတို့ကြောင့် အထွက်နှုန်းနည်းပါးသဖြင့်

မန္တလေးမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားနှင့် ရှေးဦးပြုစုခြင်း နည်းပြ(မွမ်းမံ) ရှေးဦးပြုစုခြင်း နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားများ ကျင်းပ

ပြည်တွင်း

08/05/19

မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားနှင့် ရှေးဦးပြုစုခြင်း နည်းပြ(မွမ်းမံ)၊ ရှေးဦးပြုစုခြင်း နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၈ ရက် နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ် အမှတ်(၁၇) အခြေခံပညာ အထက်တန်းကျောင်း ချမ်းမြေ့မန္တလာခန်းမတွင် ကျင်းပသည်။

တောင်သူအစုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စိုက်ပျိုးမှုအသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်တွင်း

08/05/19

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ပျိုးရေးနည်းပညာပေး ဟောပြောပွဲနှင့် တောင်သူအစုအဖွဲ့ ဖွဲ့စည်းခြင်းကို

ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား မကွေးမြို့၌ကျင်းပ

ပြည်တွင်း

08/05/19

ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကမ္ဘာ့ကြက်ခြေနီနေ့တွင် ကြက်ခြေနီလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် စိတ်ဓာတ်နှင့် စွမ်းဆောင်မှုတွင် စံထားရသော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု

ပြည်တွင်း

08/05/19

မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို မေ(၈)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်တွင် ကျင်းပရာ ဂုဏ်ပြုချီးမြှင့်ခြင်း၊ ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ခြင်းနှင့်အတူ ကြက်ခြေနီလုပ်ငန်းများတွင် ကိုယ်ကျိုးစွန့်၍ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော စိတ်ဓာတ်နှင့် စွမ်းဆောင်မှုတို့တွင် စံထားရသော တပ်ဖွဲ့ဝင်များကိုလည်း ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ဝိုင်းမော်၌ သစ်တောကြိုးဝိုင်းဧရိယာအတွင်း တစ်သျှူးငှက်ပျောစိုက်ပျိုးထားသည့် ကုမ္ပဏီအား အမှုဖွင့်အရေးယူ

မှုခင်း

08/05/19

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာန၏ သစ်တောကြိုးဝိုင်းအတွင်း တစ်သျှူးငှက်ပျော စိုက်ပျိုးထားသည့် "မျိုးဆက်ကြယ်ပွင့်" စိုက်ပျိုးရေးကုမ္ပဏီအား မေ ၇ ရက်က ဝိုင်းမော်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။