Latest News

နောက်ဆုံးရသတင်းများ

ဥရောပနေ့အထိမ်းအမှတ် ဧည့်ခံပွဲကျင်းပ

ပြည်တွင်း

08/05/19

ဥရောပနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။

မြန်မာစာရေးဆရာကလပ်၏ အကြိုက်ဆုံးစာအုပ်ဆုနှင့် စာမူဆုချီးမြှင့် အကြိုက်ဆုံးစာအုပ်ဆုအဖြစ် “တဆတ်ဆတ်တုန်ခါနေသော ချောတိုင်တက်သူများ” နှင့် အခြားဝတ္တုတိုများစာအုပ်နှင့် စာမူဆုအဖြစ် “တောင်တန်းများ၏ မနက်ဖြန်”တို့ရရှိ

ပြည်တွင်း

08/05/19

မြန်မာစာရေးဆရာကလပ်၏ (၂)နှစ်မြောက်အထိမ်းအမှတ် အကြိုက်ဆုံးစာအုပ် ဆု/ စာမူဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပခဲ့သည်။ 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်တွင်း

08/05/19

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang နှင့်အဖွဲ့အား ယနေ့မွန်းလွဲ (၁)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E.Mr Wouter Jurgens အား လက်ခံတွေ့ဆုံ

ပြည်တွင်း

08/05/19

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E.Mr Wouter Jurgens အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ

ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ တောင်ကြီးမြို့တွင် လေးရက်ကြာဒေသစာရီ ကြွချီအပူဇော်ခံမည်

ပြည်တွင်း

08/05/19

နေပြည်တော်ရှိ ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား ရှမ်းပြည်နယ် တောင်ကြီးမြို့ ကျောက်တိုင်ကွင်းအားကစားရုံတွင် မေ ၉ ရက်မှ ၁၂ ရက်အထိ လေးရက်ကြာ အပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

မှုခင်း

08/05/19

သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီး နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ

AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်နေသူများအား ဆက်လက်စစ်ဆေးဆောင်ရွက်၊ ပတ်သက်ဆက်နွယ်မှုမရှိသူ ၃၅ ဦးအား ပြန်လည်စေလွှတ်

ပြည်တွင်း

08/05/19

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ စာသင်ကျောင်းတွင် AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူ မသင်္ကာဖွယ်အမျိုးသား ၂၇၅ ဦးအား တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ခေတ္တထိန်းသိမ်းထားရှိပြီး စစ်ဆေးမေးမြန်းလျက်ရှိရာမှ AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုမရှိသူ ၁၂၆ ဦးအား မေ ၂ ရက်တွင်လည်းကောင်း၊ ၄၈ ဦးအား မေ ၆ ရက်တွင်လည်းကောင်း ပြန်လည်စေ လွှတ်ပေးခဲ့ပြီး ယနေ့တွင် ၃၅ ဦးအား မသင်္ကာဖွယ်စာရင်းမှ ပယ်ဖျက်ပြီး ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ရခိုင်၊ ရှမ်းနှင့် မကွေးအသင်း ကွာတားဖိုင်နယ် တက်ရောက်

အားကစား

08/05/19

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် (ဒုတိယနေ့)ကို ယနေ့ညနေပိုင်းက ကျင်းပရာ ရခိုင်၊ ရှမ်းယူနိုက်တက်နှင့် မကွေးအသင်း နိုင်ပွဲရပြီး ကွာတားဖိုင်နယ် တက်ရောက်သွားသည်။ 

ခင်ဦး-မုံရွာ (၆၀)အစုန်လူစီးရထား မုံရွာမြို့တွင် လူစီးတွဲ (၃)တွဲ လမ်းချော်

မှုခင်း

08/05/19

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် ခင်ဦးမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသော အမှတ် (၆၀) လူစီးအစုန်ရထားသည် မေ ၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် မုံရွာမြို့နယ် အလုံဘူတာနှင့် မုံရွာဘူတာကြား မိုင်တိုင်အမှတ်(၄၆၁/၁၄)နှင့် (၄၆၁/၁၅)ကြားအရောက်တွင်

အဖတ်များဆုံး သတင်း