အင်္ဂပူမြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

အင်္ဂပူ  ၈  မေ


ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ အမှတ်(၃)ရပ်ကွက်၊ မြနန္ဒာလမ်းတွင် ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ  မြနန္ဒာလမ်းနေ ဦးထွန်းခ၏ နွားတင်းကုတ်အတွင်းရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် နွားတင်းကုတ် အကာသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကာ အနီးရှိ လူနေအိမ်နှစ်လုံးသို့ပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

1


မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုကြောင့် အိမ်ရှင် ဦးထွန်းခ (၈၀)နှစ်တွင် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။


မန်းကျော် (ပြန်/ဆက်)

 

1