တောင်ဇလပ်ဆိုသည်နှင့် ချင်းပြည်နယ်ကို ရုတ်ခြည်းပင် သတိရမိမည်ဖြစ်သည်။ တောင်ဇလပ် အဖြူနှင့် အနီ နှစ်မျိုးရှိသည်။ ချင်းပြည်နယ် နတ်မတောင်၌မူ တောင်ဇလပ်အဝါရှိသည်ဟူ၍ ကြားသော်လည်း မမြင်ဖူးသေးချေ။ တောင်ဇလပ်အဖြူနှင့် အနီပါ အသုပ်လုပ်၍စားနိုင်သော်လည်း အချဉ်ဓာတ်ပါသည့် တောင်ဇလပ်အနီကို လူကြိုက်ပိုများသည်။