B.E ပေါင်းကူးဝင်ခွင့် စာမေးပွဲ ဖြေဆိုနိုင်

နေပြည်တော် ၂၀ ဒီဇင်ဘာ

ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနမှ B.Tech မှ B.E ပေါင်းကူး ဝင်ခွင့်စာမေးပွဲကို ကျင်းပမည်ဖြစ်ရာ B.Tech ဘွဲ့ ရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူအားလုံး နှင့် ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဦးစီးဌာန၏ အချိန်ပြည့် ထောက်ခံချက်ဖြင့် လျှောက်ထားနိုင်ပါသည်။ ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများအား B.Tech ဘွဲ့ ရရှိခဲ့သည့် နည်းပညာတက္ကသိုလ် အသီးသီးတွင် ၂၀၁၇ ဒီဇင်ဘာ ၂၀ ရက်မှ စတင်၍ ၂၀၁၈ ဇန်နဝါရီ ၁၇ ရက် ညနေ ၄ နာရီခွဲအထိ လျှောက်ထားနိုင်ပါသည်။

B.Tech မှ B.E ပေါင်းကူးသင်တန်းများကို ရန်ကုန်အနောက်ပိုင်းခရိုင် နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် ( မြစ်ကြီးနား၊ ဗန်းမော်၊ ကလေး၊ စစ်ကိုင်း၊ မုံရွာ၊ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်း၊ မကွေး၊ ပြည်၊ ပခုက္ကူ၊ လားရှိုး၊ တောင်ကြီး၊ ပင်လုံ၊ ကျိုင်းတုံ၊ လွိုင်ကော်၊ တောင်ငူ၊ စစ်တွေ၊ မှော်ဘီ၊ သန်လျင်၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မော်လမြိုင်၊ ဘားအံ၊ ထားဝယ်နှင့် မြိတ်) တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဝင်ခွင့်စာမေးပွဲတွင် အင်္ဂလိပ်စာနှင့် သက်ဆိုင်ရာ ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.moe.gov.mm တွင် ဝင်ရောက်ကြည်ရှုနိုင်ကြောင်း သိရသည်။

MDN

 

mdn