(၁၃)ကြိမ်မြောက် အာရှ - ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးကို တွေ့ဆုံမေးမြန်း

Mr.A H Mahmood Ali
နိုင်ငံခြားရေးဝန်ကြီး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန

(၁၃) ကြိမ်မြောက် အေဆမ်အစည်းအဝေးဟာ တကယ်ကို ပြည့်စုံကောင်းမွန်တဲ့ အစည်းအဝေးတစ်ခု ဖြစ်ပါတယ်။ တကယ်တမ်းပြောရမယ်ဆိုရင် အချိန်အကြာကြီးနေပြီးမှ ကျင်းပနိုင်ခဲ့သော်လည်း အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။

ဒီမနက်လေးတင်ကမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အစည်းအဝေး အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ပြုချီးကျူးစကား ပြောကြားခဲ့ပါသေးတယ်။

ကျွန်တော့်အနေနဲ့ အလွန်ကိုပဲ ကျေးဇူးတင် ဝမ်းမြောက်မိပါတယ်။ အခင်းအကျင်းနဲ့ စီစဉ်ပေးမှုများဟာလည်း တကယ့်ကို ပြည့်စုံကောင်းမွန်လှပါတယ်။ နေပြည်တော်ကြီးဟာလည်း တကယ် သာယာလှပါတယ်။

H.E. Saleumxay Kommasith
နိုင်ငံခြားရေးဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ

(၁၃)ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဟာ တကယ့်ကိုပဲ အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံက တာဝန်ယူခေါင်းဆောင်ပြီး ကျင်းပနိုင်ခဲ့ခြင်းကိုလည်း ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်နိုင်မှုကို ကျေးဇူးတင်ပါတယ်။ ဒီအစည်းအဝေးဟာ တကယ့်ကိုပဲ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ခဲ့ပြီး အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒီအစည်းအဝေးရဲ့ ရလဒ်အပေါ်တကယ်ကိုပဲ ဝမ်းသာပီတိဖြစ်မိပါတယ်။ မြန်မာလူမျိုးတွေဟာလည်း တကယ့်ကိုပဲ ချစ်စရာကောင်းကြပါတယ်။ အလွန်ကိုပဲ ကြင်နာတတ် ပြီးတော့ အလွန်ကို ကူညီတတ်တဲ့လူတွေပဲ ဖြစ်ပါတယ်။ မမေ့နိုင်တဲ့ အပြုအမူလေးတွေနဲ့လည်း ကူညီကြပါတယ်။ မြန်မာလူမျိုးတွေဟာ ကျွန်တော်တို့နိုင်ငံက လူမျိုးတွေလိုပဲ အလွန်ကိုခင်မင်စရာကောင်းပါတယ်။

တွေ့ဆုံမေးမြန်း - တင်လင်းအောင်၊ ဇင်ဦး၊ ခင်စုစုလှိုင်၊ ကိုမင်း ဓာတ်ပုံ - ဇင်ဦး(မြန်မာ့အလင်း)