၁၆ မေ
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်း၊ ပီကန်ဘာရူးနယ်မြေရှိ ရဲဌာနချုပ်ကို အသေခံဗုံးခွဲသမားတွေ ဝင်ရောက် တိုက်ခိုက်တဲ့အတွက် ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပါတယ်။
ရဲဌာနကို ဝင်ရောက်တိုက်ခိုက်တဲ့ စစ်သွေးကြွ ၄ ဦးကို အသေပစ်သတ်ခဲ့ပြီး၊ တစ်ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရပါတယ်။