နာဂျစ်က သူ့ရဲ့ လုံခြုံရေးတပ်ဖွဲ့ကို ရုပ်သိမ်းသွားပြီဆိုတဲ့ ပြောဆိုချက်ကို မလေးရဲတပ်ဖွဲ့က ငြင်းဆို

၃၀ မေ

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်က ကိုယ်ရေးအရာရှိ တစ်ယောက်ကလွဲရင် သူ့အတွက် လုံခြုံရေးပေးထားတဲ့ တပ်ဖွဲ့ကို ရုပ်သိမ်းသွားပြီဆိုတဲ့ စွပ်စွဲချက်ကို မလေးရှားရဲတပ်ဖွဲ့က ငြင်းဆိုလိုက်ပါတယ်။

နာဂျစ်အတွက် ပေးထားတဲ့ လုံခြုံရေးတွေ အကုန်လုံးကို ရုပ်သိမ်းထားတာ မဟုတ်ဘဲ အရေအတွက်ကိုသာ လျှော့ချတာဖြစ်ကြောင်း ရဲမှူးက ပြောကြားပါတယ်။

ဝန်ကြီးချုပ်ဟောင်းတိုင်းမှာ သတ်မှတ်ထားတဲ့ ခံစားခွင့်တွေ ရှိနေပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ဟောင်းဖြစ် သွားရင်တော့ အရင်က ပေးထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အရေအတွက်တိုင်းတော့ မရှိတော့ပါဘူး။ ဒါကလည်း စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်နေတာပါ။ နာဂျစ်မှာ ကိုယ်ရေးအရာရှိ၊ ယာဉ်မောင်း၊ နာဂျစ်တို့ ဇနီးမောင်နှံအတွက် ကိုယ်ရံတော် အစောင့်အရှောက်များက ဆက်လက်ပြီး ရှိနေဆဲပါလို့  သတင်းထောက်တွေကို ရဲမှူးက ဆက်ပြောပါတယ်။

နာဂျစ်က သူ့ရဲ့ facebook စာမျက်နှာပေါ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲပွိုင့်ကားမောင်းတွေနဲ့ တခြားအရာရှိတွေကို လက်ရှိအစိုးရက ရုပ်သိမ်းသွားပြီ။ ကိုယ်ရေးအရာရှိ တစ်ယောက်သာ ချန်ခဲ့တယ်။ ရုပ်သိမ်းသွားတဲ့ တာဝန်ကျသူ အားလုံးကို သူက အလေးပြုကြောင်း သူတို့ရဲ့ တာဝန်ထမ်းဆောင်မှုကိုလည်း သတိရနေမယ်ဖြစ်ကြောင်း၊ တချို့ဆိုရင် သူ့ဆီမှာ တာဝန်ထမ်းဆောင်နေတာ ၁၄ နှစ်လောက် ရှိပြီဖြစ်ကြောင်း ရေးသားထားပါတယ်။

MDN

ကိုးကား- CNA