မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်နဲ့ ဆက်စပ်နေတဲ့ တိုက်ခန်းတစ်ခန်းကနေ မလေးရှားငွေ သန်း ၁၁၀ ကျော် သိမ်းဆည်းရရှိ

၂၄ မေ

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် နဲ့ အဆက်စပ်ရှိနေတဲ့ လူကုံတန် ရပ်ကွက်မှာရှိသော တိုက်ခန်းတစ်ခန်းကနေ မလေးရှားငွေ သန်း ၁၁၀ ကျော် ( အမေရိကန်ဒေါ်လာ ၂၇.၆ သန်း) ကို သိမ်းဆည်းရရှိကြောင်း ရဲသတင်းရပ်ကွက်အရ  သိရပါတယ်။ 

ကွာလာလမ်ပူမှာရှိတဲ့ ပါဗီလီယန်လူနေအဆောက်အဦမှာ ရှိတဲ့ တိုက်ခန်းတစ်ခန်း အတွင်းမှ သိမ်းဆည်းရရှိတဲ့ သေတ္တာတွေ၊ အိတ်တွေထဲကနေ အခုထွက်ပေါ်လာတဲ့ ငွေပမာဏ ပါရှိမယ်လို့ ယူဆရပါတယ်။ 

တနင်္လာနေ့က သိမ်းဆည်းရရှိတာတွေကို စုံစမ်းစစ်ဆေးရေးမှူးတွေက ရေတွက်နေရာကနေ မနေ့က ဗုဒ္ဓဟူးနေ့ ညနေ (၄)နာရီ မှာ အပြီးသတ်စာရင်းထွက်လာတာလို့ Malay Mail အွန်လိုင်းသတင်းမှာ ရေးသားထားပါတယ်။ 

နာဂျစ် အိမ်ကနေ သိမ်းဆည်းထားတဲ့ ကျောက်မျက်ရတနာတွေ၊ ရွှေချောင်းတွေ၊ လက်ပတ်နာရီတွေ အစရှိသော အဖိုးတန်ပစ္စည်းများကိုလည်း တန်းဖိုးဖြတ်တာမျိုးတွေကို ဆက်လက် လုပ်ဆောင်နေရဆဲလို့ သိရပါတယ်။ 

နာဂျစ်က သူ့အိမ်ကို လာရှာတဲ့ ရဲတပ်ဖွဲ့ဝင်တွေက သူ့အိမ်ရှိ ရေခဲသေတ္တာထဲက အစားအစာနဲ့ ချောကလက်တွေကို မကျွေးဘဲ ယူစားကြတာလို့ ပြစ်တင်တဲ့အတွက် မလေးလူထုက ရယ်စရာ ဟာသအဖြစ် သတ်မှတ်ပြီး ရဲစခန်းတွေကို ချောကလက်တွေ ပို့ပေးတဲ့ လှုပ်ရှားမှုလည်း လုပ်ဆောင်နေကြောင်းသိရပါတယ်။ 

MDN.
ကိုးကား- CNA