အရုဏ်ဆွမ်းခံကြွသော သံဃာတော်သုံးပါးအား သုံးဘီးဆိုင်ကယ်မှ အရှိန်လွန်ဝင်တိုက်မိ
ညောင်လေးပင် ၂၈ မေ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်၊ ကျောင်းကြီးလမ်းထိပ်တွင် မေလ ၂၇ ရက် နံနက် ၅ နာရီခွဲအချိန်ခန့်က အရုဏ်ဆွမ်းခံကြွသည့် သံဃာတော်သုံးပါးအား သုံးဘီးဆိုင်ကယ်တစ်စီးမှ အရှိန်လွန် ဝင်တိုက်မိခဲ့ကြောင်း သိရသည်။