ရန်ကုန်-နေပြည်တော် အမြန်လမ်း၌ ယာဉ်တိုက်ခံရမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး 

လှည်းကူး ၂၇ မေ

 

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၄/၄)နှင့် (၄/၅)ကြားတွင် မေ ၂၆ ရက် နံနက် ၈  နာရီ မိနစ် ၄၀ အချိန်က ယာဉ်တိုက်ခံရမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သိရသည်။     


 
ဖြစ်စဉ်မှာ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၄/၄)နှင့်(၄/၅)ကြားတွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့သည်  အဆိုပါနေရာသို့ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ သန်းဋ္ဌေး(၃၈)နှစ် ဖြစ်ပြီး လမ်းလယ်ကျွန်းနှင့် ကတ္တရာလမ်းအစပ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး သေဆုံးသူ၏အလောင်းအား ဓမ္မတာအတိုင်းသေဆုံး ခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် လှည်းကူးဆေးရုံသို့တင်ပို့ခဲ့ကြောင်း သိရသည်။    

 

ဖြစ်စဉ်နှင့်ပတ်သက်၍ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။      

 

နိုင်လင်း(လှည်းကူး)