မောင်တောမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၇  မေ 

 

ရခိုင်ပြည်နယ် မောင်တောမြို့၊အမှတ်-၂ ရပ်ကွက်၊ မီးစက်လမ်းကြားတွင် ယမန် နေ့ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း ၇ သောင်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

မောင်တောမှ မူးယစ်တပ်ဖွဲ့စု တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် မေ ၂၆ ရက် ည ၈ နာရီ မိနစ် ၄၀ က မောင်တောမြို့၊ ကညင် တန်းရပ်ကွက်၊ မီးသတ် လမ်းဆုံ တွင်  သတင်းအရ CRV အမျိုးအစား မော်တော်ယာဉ် အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေး သွားသဖြင့် လိုက်လံရှာဖွေရာ မောင်တောမြို့၊ အမှတ်(၂)ရပ်ကွက်၊ မီးစက်လမ်းကြားတွင် ၎င်း မော်တော်ယာဉ်ကို တွေ့ရှိရပြီး စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းရှိ ဆာလာ အိတ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား  ၉၇၅,ဝ၀ဝ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ ယနေ့ နံနက်ပိုင်းက အမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

 

MDN