လုပ်ငန်းခွင်အတွင်း စက်ပစ္စည်းများ စနစ်တကျ အသုံးပြုနိုင်ရန် တောင်သူများအား သင်တန်းပို့ချ
တောင်သူများလုပ်ငန်းခွင်အတွင်း စက်ပစ္စည်းသုံးစွဲရာတွင် စက်ပိုင်းဆိုင်ရာများသိရှိနားလည်ပြီး လုပ်ငန်းခွင် အဆင်ပြေ ချောမွှေ့စေရန်၊ အန္တရာယ်ကင်းရှင်းစေရန်နှင့် စက်ပစ္စည်းများ စနစ်တကျ အသုံးပြုနိုင်ရန် သင်တန်းပို့ချခြင်းကို ဒီဇင်ဘာ ၁၅ ရက်က ဖောင်းပြင်မြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ ပြုလုပ်ခဲ့သည်။